Thursday, November 17, 2011

အားလုံး ခံစားကြည့်ကြပါ...

ကျွန်တော် ဟာ ကိုယ့်ဟာကို နေတတ်တဲ့ သူတစ်ယောက်ပါ။ သူများတွေကို မနှောင့်ယှက်သလို၊ကိုယ့်ကိုနှောင့်ယှက်တာလဲမကြိုက်တတ်ပါဘူး။ ဒါပေမယ့် ဗျာ.. ဒီနေ့ ရင်ငြိမ်း ပွင့် ဆိုတဲ့ ကောင်မလေးရဲ့ သတင်းကို ကြားပြီးချိန် တစ်ခု သတိရလိုက်တယ်၊ တစ်ယောက်ထဲနေတတ်သူဖြစ်ဖြစ်၊ အသင်းအဖွဲ့နဲ့နေတတ်သူဖြစ်ဖြစ် ပတ်ဝန်းကျင် ရဲ့ရိုက်ခတ်မှု ဟာအရေးပါတဲ့ အကြောင်းအရာလေးတစ်ခုဆိုတာကို လေ။ ကျွန်တော်တို့ ပတ်ဝန်းကျင်၊ ကျွန်တော် တို့ လူ့အသိုင်းအ၀ိုင်းဆိုတာ ဟာ တစ်ကယ်တော့ တစ်ယောက်ထဲနေထိုင်လို့ မရပါဘူး။ တစ်ချို့လေးတွေ ဟာ တစ်ယောက်ထဲနေတတ်တယ်၊ တစ်ယောက်ထဲနေရတာကို အရသာတွေ့တယ်၊ နားလည်ပါတယ်။ ဒါပေမယ့် ဗျာ တစ်ခါတစ်ရံမှာ ကိုယ်က သူ့ကိုမနှောင့်ယှက်ချင်လို့ လွှတ်ပေးထားတာ က သူ့ကို အစွန်းရောက်သွားစေတတ်ပါတယ်။ တစ်ခါ တစ်ရံမှာ ကိုယ်ကအလုပ်တွေ ရှုပ်နေတတ်တယ်၊အဲ့အတွက် ကိုယ့်တစ်ယောက်ထဲ ပဲ ရင်ဖွင့်ဖေါ်ရှိတယ်ဆိုတဲ့ သူတွေကို သတိမေ့ထားမိတတ်တယ်။ အဲ့လို အချိန်မျိုးမှာ ကိုယ့် အကြောင်းအရာ သာ လျှင်အဓိက ဆိုတဲ့ ခံစားချက်လေးဟာ သူ့ကို အစွန်းရောက်သွားစေတတ်တယ်လေ။ ကျွန်တော် နားလည်ပါတယ်။ အားလုံးမှာ အကြောင်းအရာစုံရှိတယ်။ မအားလပ်တာကို နားလည်ပါတယ်၊ ဒါပေမယ့် ခု ရင်ငြိမ်းပွင့် မှာ ဆို ဘယ်သူမှ မတားကြဘူးလား။ မတားနိုင်လိုက်တာလား။ သတိမထားမိလိုက်တာလား။ သေချာတာတော့ ဒီကောင်မလေးဟာ အတော်အစွန်းရောက်ခဲ့တာပဲ။ ကိုယ့်ကိုကိုယ် သတ်သေတာမဆန်းပါဘူး။ ဒါပေမယ့် ဆန်းတာက သူဟာ တစ်ယောက်ထဲနေတတ်တယ်တဲ့။ ပြီးတော့ အမြဲ အခန်းထဲမှာ ကွန်ပျူတာ နဲ့အလုပ် ရှုပ်နေတယ်တဲ့၊ ဘာကိုဆိုလိုတာလဲ။ သူ့အတွက် Real World ကဘာလဲ၊ Virtual World လေးကကောဘာလဲ။ ကျွန်တော်တို့ online အမြဲသုံးနေကျသူတောင် တွေးမိပြီး ကျောချမ်းသွားတယ်။ ငါကော ပြင်ပလောက နဲ့ ဘယ်လောက်ကင်းကွာနေပြီလဲပေါ့။ သို့လော... သို့လော တွေအများကြီးပဲဗျ။

နောက်ရှိသေးတယ်...

သူ့ wall မှာ နှုတ်ဆက်ကြသူတွေထဲမှာ လေးစားပါတယ် ဆိုတဲ့ လူတွေ၊ :(

စိတ်ဝင်စားစရာပဲ နောက်ထပ်လဲ ကိုယ့်ကိုကိုယ်သတ်သေကြမယ့် အရိပ်အယောင်ပဲ။ ဒါတွေက သူတို့မှာ မျှော်လင့်ချက်တွေ မရှိတော့တာကို ပြတာလား၊ သူတို့ မှာ တိကျသေချာတဲ့ ဘ၀ ရပ်တည်ချက်တွေ ပျောက်ဆုံးနေတာကို ပြတာလား။

ဘာလို့များ တန်ဖိုးရှိတဲ့ ဘ၀ကို ရပ်တန့်ပစ်ချင်နေကြတာလဲ။ ခုကြည့် ဒီကောင်မလေး ကိုယ့်ကို ကိုယ် သတ်သေတယ်။ သူဆို တာ အခုမရှိတော့ဘူး။ ဘာကျန်ခဲ့လဲ၊ ဘာမှ မကျန်ခဲ့ဘူး။ ဒါဟာ အဓိပါယ်ရှိတယ် ထင်နေကြတာလား။ တစ်ခုခုတော့ လွဲနေကြတယ်။

နေ့စဉ်နဲ့ အမျှ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ဘ၀တွေမှာ ရှင်သန်နေကြတာကို လက်ခံပါတယ်။ အဲ့ဒီ ပြိုင်ဆိုင်မှု၊ ရပ်တည်မှုတွေမှာ လဲကျရင် ပြန်ထနိုင်မယ့် စွမ်းအားတွေ လူတိုင်းမှာရှိပါတယ်။ ကိုယ့်ကိုကိုယ် သတ်သေတယ်ဆိုတာ ထွက်ပေါက်မဟုတ်ပါဘူး။

လွန်ခဲ့တဲ့ လတွေကလဲ ကောင်မလေးတစ်ယောက် ခိုင်သင်ဇာ ဆိုတာ ကိုယ့်ကိုကိုယ် သတ်သေခဲ့တယ်တဲ့။

ဒါဟာ အလေ့အထ တစ်ခုဖြစ်လာရင် မကောင်းပါဘူး။

လူတွေ ကိုယ့်ကိုကိုယ်သတ်သေကြတယ်၊နားလည်တယ်၊ သေကြပေါ့၊ သေချင်ကြတာပဲ။ ဒါပေမယ့် ပတ်ဝန်းကျင်မှာ တော့ လာမသေနဲ့၊ ဒါဟာ ဂုဏ်ယူစရာမဟုတ်ဘူး၊ ဒါဟာ လေးစားဖွယ် အရည်အချင်းမဟုတ်ဘူး။ ဒါမျိုးကို အားလည်းမပေးဘူး။

ဒါဟာ ပျော့ညံ့တာပဲ၊ ဒါဟာ အရည်အချင်းမရှိတာပဲ။

သေချင်ရင် ကြိုက်တဲ့ နေရာမှာ သွားသေပါ။ ကြားနိုင်မယ့်နေရာမှာတော့ မသေပါနဲ့၊ ပြီးတော့ လေးစားပါတယ် လို့လဲ မပြောကြပါနဲ့၊ ကိုယ်မသေတိုင်း၊ သေရဲရင် သွေးကြောင်တဲ့သူတွေအားလုံးသေကြလေ။ အချစ်အတွက် သတ်သေတယ်ဆိုတာ ကြီးက မဟုတ်တာပါ။ အကြောင်းအမျိုးမျိုး ကြောင့်ဆိုတာလက်ခံနိုင်သေးတယ်။ ကြားကောင်းသေးတယ်။ အချစ် ဇာတ်လမ်းတွေကြည့်ပြီး၊ Hero လုပ်ချင်ရင်တယ်ဆိုရင်တော့ မဟုတ်သေးဘူး။

လူတိုင်းမှာ အချစ်ရှိပါတယ်၊ သေလောက်အောင်ချစ်တယ်ဆိုတာ လူတိုင်းမှာ တစ်ကြိမ်တော့ရှိဖူးပါတယ်။ ကျွန်တော်လဲ ရှိခဲ့ဖူးပါတယ်။ ကိုယ့်ကိုကိုယ်သတ်သေဖို့တော့ မစဉ်းစားဖူးဘူး။ တစ်ကြိမ်မကကို အကြီးအကျယ် ရင်ကွဲခဲ့ဖူးတာလေ။ ဒါပေမယ့် ဒါဟာ သေလောက်တဲ့ အကြောင်းတော့မဟုတ်ပါဘူး။

အချစ်ကို ပုံဖော်ကြတာကို လက်ခံပါတယ်၊ အသက်နဲ့တော့ သက်သေမပြကြပါနဲ့။

သိပ်ကိုမှားယွင်းတဲ့ ပုံဖော်မှုပဲ၊ သိပ်ကိုမှားယွင်းတဲ့ အသက်သွင်းမှုပဲ။(ဒါတွေဟာ လွဲမှားတဲ့ ခံယူချက်တွေကို ထောက်ပြနေတာပဲလေ)

ဒါတွေကို ဓလေ့တစ်ခုလို မဖြစ်ခင် ဦးဆောင်လမ်းပြ မလုပ်ကြပါနဲ့။

ကျွန်တော် တို့ ပတ်ဝန်းကျင်တွေ ဟာ အရင် လို မဖြူစင်တော့ဘူး၊ အရင်လောက် မယဉ်ကျေးကြတော့ဘူး၊ အရင်လောက် မရိုးသားကြတော့ဘူး။ ဒါကတော့ ကျွန်တော်တို့ ရှောင်လွှဲလို့မရဘူးလေ။ ရင်ဆိုင်နေကြရမှာပါပဲ။ တစ်နေ့ ထက်တစ်နေ့ ပြိုင်ဆိုင်မှု တွေဟာ ပိုပြင်းထန်လာကြမှာပါ။ အဲ့အတွက် ကျွန်တော်တို့ ကြိုတင်ပြင်ဆင်နိုင်တယ်၊ ကြိုတင်လေ့လာနိုင်တယ်...

လဲရင်ပြန်ထနိုင်တယ်... နောက်ထပ် တစ်ဖန် ထပ်မံ ယှဉ်ပြိုင်နိုင်တယ်...

ကြိုက်ရာနည်းလမ်းကို အသုံးပြုပါ မှားယွင်းတဲ့ ထွက်ပေါက်တွေကလွဲ ရင် ကြိုက်နှစ်သက်ရာ ထွက်ပေါက်တွေကို ရွေးချယ်နိုင်ပါတယ်။

ကြားမကောင်းတဲ့ ဖြစ်ရပ်တွေတော့မလုပ်ကြပါနဲ့ဗျာ...

ကြားရတာစိတ်မချမ်းသာလို့ပါ...

ယောင်ယမ်းပြီး အားလည်းမပေးမိကြပါစေနဲ့...

ကျွန်တော်တို့ ချစ်တဲ့ ကျွန်တော်တို့တွေအတွက်တော့ရှင်သန်ကြပါ...

အသုံးမကျတဲ့ကောင်တွေအတွက်တော့ ဘ၀တွေကို မစတေးကြပါနဲ့...

မှားယွင်းတဲ့ ထွက်ပေါက်တွေ က နေ မထွက်မိကြဖို့ ဆုတောင်းပါတယ်...

(ငါကတစ်ကြိမ်မကသေပြီးသားပါ။ ဘယ်အရာကိုမှ တန်ဖိုးမထားဘူး။ ဒါပေမယ့် ဘယ်အရာကမှလဲ ငါ့ကိုမသေစေနိုင်ဘူးလေ။ ဘာလို့လဲ ဆိုတော့ အနည်းဆုံးတော့ ငါ့မှာ ငါ ရှိနေသေးလို့လေ။ အဲ့အတွက်လဲ ငါဟာ အမြဲရှင်သန်နေတယ်... ငါ့ရဲ့သေခြင်းကို ဘုရားပဲသိမှာပဲ... ကျန်တဲ့သူတွေ အတွက်သေရလောက်အောင်တော့ ငါ့အသက် ကတန်ဖိုးမနိမ့်ဘူး။ အေး... အဲ့လိုပဲ မင်းတို့အသက်တွေ လဲတန်ဖိုးရှိကြပါတယ်။ မကြောင်ကြစမ်းပါနဲ့ကွာ... ယောင်ပြီးလဲ မမြှောက်ပေးကြပါနဲ့...

ဆုတောင်းတယ်... ရင်ငြိမ်းပွင့်။ နောက်ဘ၀ မှာ မင်းဒီ့ထက်ပိုပြီး စိတ်ဓာတ်ကြံ့ခိုင်ပါစေလို့... )

ဇေယျာ

၁၇.၁၁.၂၀၁၁

Saturday, September 17, 2011

7th September 2011

မနေ့ က ငါ့ အချစ်ဆုံး အကို ကို လက်ဆောင်ပေးတယ်။ ငါ့အချစ်ဆုံး အဖေ၊ အမေ နဲ့ အမ က ငါ့ကိုလက်ဆောင်ပြန်ပေးတယ်(ဘာအထိမ်းအမှတ်မှတော့မဟုတ်ပါဘူး)။

မနေ့ကပဲ လူတစ်ယောက်ကို ဆက်တဲ့ဖုန်းကို တစ်ခြားတစ်ယောက်က ကိုင်ပြီး ကို့လို့ကန့်လန့်တွေနဲ့ ရိုက်ပေါက်တွေ လုပ်တယ်။ကလေးအထာလေးတွေနဲ့။ ဘ၀မှာဒီလိုအဖြစ်မျိုး ကို ဒီတစ်ခါပဲကြုံဖူးတယ်။

မနေ့ကပဲ လူတစ်ယောက်ကို ပထမဆုံးအကြိမ် ပန်းစည်းပို့ပေးတယ်။ဒါပေမယ့်အထင်လွဲတယ်(ဒီလိုလက်ဆောင်က ဒီလို အဓိပဿဿပါယ္တစ္မ်ိုးပဲ ရွိတယ္ထင္ပံုပဲ)။အဲ့ဒါနောက်ဆုံးအနေ နဲ့ ပို့တာကို... ပြီးတော့ သူ့တစ်ယောက်ထဲအတွက်ရည်ရွယ်တာမှ မဟုတ်တာကို... ပေးတဲ့ ပန်းစည်းတောင် "အချစ်" ဆိုတဲ့ အဓိပဿပါယ်မပါအောင် စီစဉ်စေခဲ့တာကို။ ပေါက်ကရလုပ်ကြတယ်။ဘုရားပန်းတင်တဲ့ သူကတင်နဲ့။ကောင်းပါ့။

မနေ့ကပဲ လူနှစ်ယာက်ဆီ ပထမဆုံးအကြိမ် ပို့စ်ကဒ်တွေပို့တယ်။ ဘ၀မှာပထမဆုံးအကြိမ်ပဲ။ အဲ့အလုပ်ကိုငါအရမ်းပျင်းတာ။

မနေ့ကပဲ လူတစ်ယောက်အတွက် ငါ့နှလုံးသားနဲ့ ဖန်တီးတဲ့ လက်ဆောင်လေးကို အဖြူရောင် ပါဆယ်လေး ထုပ် ပြီးပို့လိုက်တယ်။အဖြူရောင် သက်တမ်းရင့်ပေမယ့် ဘယ်တော့မှ မပြောင်းသွားတဲ့ အဖြူရောင်လေးနဲ့။

မနေ့ကပဲ လူတစ်ယောက်အတွက်တော့ အကောင်းဆုံးလက်ဆောင်တစ်ခုကို ငါရွေးချယ်ပေးခဲ့တယ်။ သူ့ ရဲ့ကျေနပ်မှုကို မျက်နှာမှာဖော်မပြခဲ့ပေမယ့် ငါခံစားရတယ်။(တစ်မျိုးမထင်နဲ့ အဲ့ကောင်က ယောက်ျားလေး)

မနေ့ကပဲ ကံစမ်းမဲတွေပေါက်တယ်။

မနေ့ကပဲ ငါအရမ်း ကြောက်တဲ့မြွေတွေ့တယ်။

မနေ့ကတော့ ငါအိပ်ခါနီးတိုင်းနားထောင်တဲ့ ငါ့သီချင်းလေးတွေက ခံစားမရဖြစ်ခဲ့တယ်။

မနေ့ညက ပထမဆုံးအကြိမ်အနေနဲ့ ဆယ်နှစ်စာလောက်အိပ်မက်တွေကို တစ်ညထဲ စုပြုံမက်တယ်။မနက်ကြတော့ အူကြောင်ကြောင်နဲ့။

မနက်တိုင်း သီချင်းလေးတွေ နားထောင်ပြီး အိပ်ယာထတဲ့ ငါ၊ ဒီနေ့မနက် နိုးထလာတော့ သီချင်းနားမထောင် ချင်သလို၊ နိုးထလာတာဟာလဲ ငါမဟုတ်သလိုခံစားရတယ်။

ဒီနေ့  ငါ့လက်ထဲ ချောကလက်တွေ ဆိုင်းမဆင့်၊ဗုံမဆင့်ထပ်ရောက်လာပြန်ပြီ။

ထူးဆန်းပါ့ ငါ့ ကမဿဘာငယ်ရယ်...

ဒါပေမယ့် ငါဖျားသွားတယ်။

ဒါပေမယ့် ငါ့ကိုယ်ခနဿဓာ ဟာ တစ်ချက်၊တစ်ချက် မပါသလို ခံစားရတဲ့ အထိ ကိုတော့ ပေါ့ပါးဆဲပဲ။

ရည်ရွယ်တော့လွဲတယ်။ မရည်ရွယ်တော့ ကောင်းတာထက်တောင်လွန်နေသေးတယ်။ အံ့ပါ့...

ကြယ်တွေက ကြွေကျခါနီးမှာ အတောက်ပဆုံးတဲ့။ အဟင့်...

အခု မျိုးကြီး ရဲ့ "သဘာဝရဲ့လက်ဆောင်" ကိုနားထောင်နေတယ်။ နားလည် သလိုလို ခံစားရတယ်...

လွတ်လပ်ပျော်ရွှင်ပေါ့ပါးနေတယ်...

သေချာတာတော့ တစ်ယောက်ထဲ နေတတ်တဲ့ ငါ ၊ တစ်ယောက်ထဲ မနေတတ်တော့ တာ ကြာပြီဆိုတာ သတိထားမိတယ်။

fresh & active forever... ha ha

ငါ့ ကို မြင်လိုက်တဲ့ သူတွေ လွတ်လပ်ပေါ့ပါးသွားသလိုခံစားရပုံပဲ။ သူတို့ အဲ့လိုပေါ့ပါးသွားလေ၊ ငါလဲ ပိုပေါ့ပါးလာလေပဲ။ ဟဟ

I'm flying without wind in the space. >>... :D

ဒါနဲ့ စကားမစပ် ဒီတစ်ခါကော ဘယ်သူတွေက ချောကလပ်တောင်းဦးမလဲ။ ဒီတစ်ခါတော့ ပေးမယ်... အတည်.. အတည်... ဘုမသိ၊ဘမသိရလိုက်တဲ့ ချောကလပ်တွေ။ သေချာတာတော့ ငါဟာ ခြောက်မနေပါဘူး။ ဘာလို့ချောကလပ်မှ... :P

Wednesday, March 16, 2011

မိမိကိုယ်သာအားထားရာ

နံရံကို ခေါင်းနဲ့ တိုက်တာတော့မဟုတ်ဘူး။
အကယ်၍ အဲ့ဒါ ဟာ နံရံဆိုရင်တောင် တစ်နည်းနည်းနဲ့ ရအောင်ဖြိုချပစ်မယ်။
ဘာလို့ လဲဆိုတော့ အဲ့ဒါ ငါမို့ ပဲ...

Wednesday, March 12, 2008

share with the man who needs help

it's someone who needs help meet with me last a few days.
he needs help and he is a simple guy.
but i can't help.
cos of i not's so strong.
my friend talk to me to leave him.
but i didn't leave and i help him as i can.
but it's no helpful for him.
b cos he needs the money.
i think that,how money can make the life as simple.
i don't need money.i only need peaceful smile and happiness.
what's they think?
so stupid.
but i help as i can.
hinnnn......................
what's that's and what's is true.
cos no man can seen it.
all r nothing.
that's they just seen.
how can i show it?
so so so so sad............

Monday, August 13, 2007

just share with everybody!!!

it's many weakness man in around us.
we must share with this body as we can.
no man remember that,everybody doing their nothing cases along their life.
so stupid and waste many powerful lifes,
i can't do it.I must share with this body.

If u wanna any help from me,just content to me luzoelay@gmail.com
Everybody content to me,if u need some help.
I'll help u as i can.Because i'm not a strong man.But i wanna help everybody that's they needs.
I'll help as the blood and body.
It's not joke.

Just share with Everybody.
Not fight in each other.
We must fight to the world,i mean nature.
Because it's so pain for us.
We must search the way that's we can escape...

Don't waste ur energy

If u intrest in,just mail to me.