Saturday, September 17, 2011

7th September 2011

မနေ့ က ငါ့ အချစ်ဆုံး အကို ကို လက်ဆောင်ပေးတယ်။ ငါ့အချစ်ဆုံး အဖေ၊ အမေ နဲ့ အမ က ငါ့ကိုလက်ဆောင်ပြန်ပေးတယ်(ဘာအထိမ်းအမှတ်မှတော့မဟုတ်ပါဘူး)။

မနေ့ကပဲ လူတစ်ယောက်ကို ဆက်တဲ့ဖုန်းကို တစ်ခြားတစ်ယောက်က ကိုင်ပြီး ကို့လို့ကန့်လန့်တွေနဲ့ ရိုက်ပေါက်တွေ လုပ်တယ်။ကလေးအထာလေးတွေနဲ့။ ဘ၀မှာဒီလိုအဖြစ်မျိုး ကို ဒီတစ်ခါပဲကြုံဖူးတယ်။

မနေ့ကပဲ လူတစ်ယောက်ကို ပထမဆုံးအကြိမ် ပန်းစည်းပို့ပေးတယ်။ဒါပေမယ့်အထင်လွဲတယ်(ဒီလိုလက်ဆောင်က ဒီလို အဓိပဿဿပါယ္တစ္မ်ိုးပဲ ရွိတယ္ထင္ပံုပဲ)။အဲ့ဒါနောက်ဆုံးအနေ နဲ့ ပို့တာကို... ပြီးတော့ သူ့တစ်ယောက်ထဲအတွက်ရည်ရွယ်တာမှ မဟုတ်တာကို... ပေးတဲ့ ပန်းစည်းတောင် "အချစ်" ဆိုတဲ့ အဓိပဿပါယ်မပါအောင် စီစဉ်စေခဲ့တာကို။ ပေါက်ကရလုပ်ကြတယ်။ဘုရားပန်းတင်တဲ့ သူကတင်နဲ့။ကောင်းပါ့။

မနေ့ကပဲ လူနှစ်ယာက်ဆီ ပထမဆုံးအကြိမ် ပို့စ်ကဒ်တွေပို့တယ်။ ဘ၀မှာပထမဆုံးအကြိမ်ပဲ။ အဲ့အလုပ်ကိုငါအရမ်းပျင်းတာ။

မနေ့ကပဲ လူတစ်ယောက်အတွက် ငါ့နှလုံးသားနဲ့ ဖန်တီးတဲ့ လက်ဆောင်လေးကို အဖြူရောင် ပါဆယ်လေး ထုပ် ပြီးပို့လိုက်တယ်။အဖြူရောင် သက်တမ်းရင့်ပေမယ့် ဘယ်တော့မှ မပြောင်းသွားတဲ့ အဖြူရောင်လေးနဲ့။

မနေ့ကပဲ လူတစ်ယောက်အတွက်တော့ အကောင်းဆုံးလက်ဆောင်တစ်ခုကို ငါရွေးချယ်ပေးခဲ့တယ်။ သူ့ ရဲ့ကျေနပ်မှုကို မျက်နှာမှာဖော်မပြခဲ့ပေမယ့် ငါခံစားရတယ်။(တစ်မျိုးမထင်နဲ့ အဲ့ကောင်က ယောက်ျားလေး)

မနေ့ကပဲ ကံစမ်းမဲတွေပေါက်တယ်။

မနေ့ကပဲ ငါအရမ်း ကြောက်တဲ့မြွေတွေ့တယ်။

မနေ့ကတော့ ငါအိပ်ခါနီးတိုင်းနားထောင်တဲ့ ငါ့သီချင်းလေးတွေက ခံစားမရဖြစ်ခဲ့တယ်။

မနေ့ညက ပထမဆုံးအကြိမ်အနေနဲ့ ဆယ်နှစ်စာလောက်အိပ်မက်တွေကို တစ်ညထဲ စုပြုံမက်တယ်။မနက်ကြတော့ အူကြောင်ကြောင်နဲ့။

မနက်တိုင်း သီချင်းလေးတွေ နားထောင်ပြီး အိပ်ယာထတဲ့ ငါ၊ ဒီနေ့မနက် နိုးထလာတော့ သီချင်းနားမထောင် ချင်သလို၊ နိုးထလာတာဟာလဲ ငါမဟုတ်သလိုခံစားရတယ်။

ဒီနေ့  ငါ့လက်ထဲ ချောကလက်တွေ ဆိုင်းမဆင့်၊ဗုံမဆင့်ထပ်ရောက်လာပြန်ပြီ။

ထူးဆန်းပါ့ ငါ့ ကမဿဘာငယ်ရယ်...

ဒါပေမယ့် ငါဖျားသွားတယ်။

ဒါပေမယ့် ငါ့ကိုယ်ခနဿဓာ ဟာ တစ်ချက်၊တစ်ချက် မပါသလို ခံစားရတဲ့ အထိ ကိုတော့ ပေါ့ပါးဆဲပဲ။

ရည်ရွယ်တော့လွဲတယ်။ မရည်ရွယ်တော့ ကောင်းတာထက်တောင်လွန်နေသေးတယ်။ အံ့ပါ့...

ကြယ်တွေက ကြွေကျခါနီးမှာ အတောက်ပဆုံးတဲ့။ အဟင့်...

အခု မျိုးကြီး ရဲ့ "သဘာဝရဲ့လက်ဆောင်" ကိုနားထောင်နေတယ်။ နားလည် သလိုလို ခံစားရတယ်...

လွတ်လပ်ပျော်ရွှင်ပေါ့ပါးနေတယ်...

သေချာတာတော့ တစ်ယောက်ထဲ နေတတ်တဲ့ ငါ ၊ တစ်ယောက်ထဲ မနေတတ်တော့ တာ ကြာပြီဆိုတာ သတိထားမိတယ်။

fresh & active forever... ha ha

ငါ့ ကို မြင်လိုက်တဲ့ သူတွေ လွတ်လပ်ပေါ့ပါးသွားသလိုခံစားရပုံပဲ။ သူတို့ အဲ့လိုပေါ့ပါးသွားလေ၊ ငါလဲ ပိုပေါ့ပါးလာလေပဲ။ ဟဟ

I'm flying without wind in the space. >>... :D

ဒါနဲ့ စကားမစပ် ဒီတစ်ခါကော ဘယ်သူတွေက ချောကလပ်တောင်းဦးမလဲ။ ဒီတစ်ခါတော့ ပေးမယ်... အတည်.. အတည်... ဘုမသိ၊ဘမသိရလိုက်တဲ့ ချောကလပ်တွေ။ သေချာတာတော့ ငါဟာ ခြောက်မနေပါဘူး။ ဘာလို့ချောကလပ်မှ... :P

No comments: